Apple က မကြာခင် ထုတ်ပေးမယ့် သူ့ရဲ့ OS Update ကို
ယခင် မျှော်မှန်းထားခဲ့သလို iOS 19 လို့ မခေါ်ဘဲ
iOS 26 လို့ နာမည်ပေးတော့မှာ ဖြစ်ပါတယ်။
နံပါတ်တွေ တအားကြီးသွားတာက
နည်းပညာတွေ အများကြီးပြောင်းလဲသွားတာလို့တော့
မမှတ်ယူနိုင်ပါဘူး။
သုံးစွဲသူတွေနဲ့ Developer တွေ မှတ်မိလွယ်စေဖို့
ထုတ်တဲ့ခုနှစ်ကို အခြေခံပြီး နာမည်ပြောင်းတာ
သက်သက်ပဲ ဖြစ်ပါတယ်။
ဒီနှစ်က 2025 ဖြစ်ပေမယ့် Update အသစ်က 2026 မှ
အလုံးစုံ ပြည့်စုံမှာ ဖြစ်တဲ့အတွက် iOS 26 လို့ခေါ်တာလို့
ပြောကြသလို ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ နည်းလမ်းအတိုင်း
2025 နှောင်းပိုင်းထုတ်တွေကို 2026 Model လို့ ခေါ်တာမျိုး
ဖြစ်တယ်လို့လည်း ဆိုကြပြန်ပါတယ်။
လာမယ့် Update တွေကတော့ ...
အသီးသီး နာမည်ပြောင်းသွားမှာပါ။
တချို့ကလည်း OS နာမည်သာမက
ထုတ်ကုန်တွေရဲ့ နာမည်ကိုပါ
ဒီနည်းအတိုင်း လုပ်တော့မလားဆိုပြီး
ပြောဆိုနေကြပါတယ်။
ဆိုလိုတာက နောက်လာမယ့် iPhone ဟာ 17 မဟုတ်တော့ဘဲ
iPhone 26 လို့များ နာမည်ပေးလေမလားပေါ့။
ဒါလည်း ဖြစ်လာနိုင်တာပါပဲ 

Comments
Post a Comment