Qualcomm က Snapdragon 7 Gen 4
(SM7750-AB) Chip ကို မိတ်ဆက်ပေးလိုက်ပါပြီ။
2023 မှာ Gen 3 ကို ထုတ်လုပ်ခဲ့ပြီးနောက်
သူ့ထက် စွမ်းဆောင်ရည် ပိုသာတဲ့ Gen 4 ကို
ထုတ်လုပ်လာခဲ့တာပါ။
အရင် Gen 3 ထက် CPU, GPU နဲ့ NPU မှာပါ
သာလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်မြင့်
4nm chip ဖြစ်ပါတယ်။
ဒီ chip မှာ ... Kryo CPU ကို
၁+၄+၃ ပုံစံနဲ့ မိတ်ဆက်လာပါတယ်။
Prime Core @ 2.8GHz (၁) ခု
Performance Core @ 2.4GHz (၄) ခု
Efficiency Core @ 1.8GHz (၃) ခုလို့ ဆိုလိုပါတယ်။
အခုထုတ်လိုက်တဲ့ Gen4 က အရင် Gen3 ထက်
စွမ်းဆောင်ရည် 27% တောင် ပိုမိုကောင်းမွန်လာပါမယ်။
Adreno GPU က အရင် Gen3 ထက်
စွမ်းဆောင်ရည် 30% မြင့်မားပြီး
Snapdragon Elite Gaming အင်္ဂါရပ်ဖြစ်တဲ့
Adaptive Performance Engine 4.0 အပါအဝင်
အခြားစွမ်းဆောင်ရည်တွေလည်း ပါဝင်လာပြန်ပါတယ်။
ဒါ့အပြင် ... ဗွီဒီယို ကုဒ်ဒက် (Codes) တွေအနေနဲ့
HDR10, HDR10+, HDR Vivid နှင့် HLG Codecs တွေထိ
ထောက်ပံ့ပေးနိုင်ပါတယ်။
Hexagon NPU က AI အတွက်
စွမ်းဆောင်ရည် 65% ပိုကောင်းလာပါမယ်။
Stable Diffusion 1.5 လည်း ပါဝင်လာပြန်ပါတယ်။
LPDDR5 RAM နှင့် UFS 4.0 Storage ကို ပံ့ပိုးပေးထားပါတယ်။
12-Bits Spectra ISP သုံးခု ပါဝင်ကာ
200MP ဓာတ်ပုံများနဲ့ 10-Bits ဓာတ်ပုံများပါ
ရိုက်ကူးလာနိုင်မှာဖြစ်ပါတယ်။
4K ဗွီဒီယို ကို 30FPS အထိ ရိုက်ကူးနိုင်ပါတယ်။
ဖုန်းလိုင်းမှာဆို sub-6 GHz 5G ထိရရှိမှာဖြစ်ပြီး
Wi-Fi 7၊ Bluetooth 6.0 တို့လည်း ရရှိမှာပါ။
aptX Lossless၊ aptX Adaptive Audio Codecs များအပြင်
Qualcomm ရဲ့ ချဲ့ထွင်အသုံးပြုနိုင်သော ကိုယ်ပိုင်ကွန်ရက် (XPAN)
တို့ကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။
Honor, Vivo နဲ့ Realme တို့က မကြာမီမှာ
Snapdragon 7 Gen 4 ပါဝင်တဲ့ စမတ်ဖုန်းအသစ်များကို
ကြေငြာမယ်လို့ သိရပါတယ်။
Honor 400 က ပထမဆုံး Gen4 သုံးလာတဲ့
ဖုန်းဖြစ်မယ်လို့ ကောလဟာလတွေလည်း ကြားနေရပါတယ်။
Ref & Photos: Qualcomm & gsmarena

Comments
Post a Comment